Wednesday, April 16, 2008

အချစ် ဒဿန အမြင်

လူလေးမ သိသမျှ အချစ် ဒဿန လေးပါရှင်..............

# Lover's a blind guide,and those that fallow him too often lose their way.
အချစ်ဆိုတာ မျက်မမြင် လမ်းပြနောက်မှ လိုက်ပါကြသူပမာ ရံဖန်ရံခါတွင် လမ်းပျောက်
တက်ကြစမြဲ ဖြစ်သည်။
#The more you love, the more you suffer.
ပိုချစ်လေလေ၊ .....ပိုခံစားရလေလေ.......။
#Love looks not with the eyes but with the mind.
အချစ်သည်မျက်လုံး များဖြင့် မကြည့်၊ စိတ်ဖြင့်သာ ကြည့်တက်သည်။
#Life is flower of which love is honey.
ဘ၀ဟူသည် ပန်းတစ်ပွင့်အလားတူပြီး အချစ်ဟူသည်ကား ပျားရည်ပမာ ဖြစ်သည်။

Monday, April 14, 2008

ဘ၀ ဒဿန အမြင်

လူလေးမ စုထားတာလေးတွေပါ ။ကောင်း ကောင်း/မကောင်း ကောင်း ဖတ်ပေးပါနော်........

#Every man has his weak side.
လူတိုင်း တွင် အားနည်းချက် ရှိမြဲဖြစ်သည်။
#Ignorance never settles a question.
မသိနားမလည်ခြင်း ပြဿနာတစ်ရပ်က မည်သည့် အခါမျှ ဖြေရှင်း ပေးနိုင် မည်မဟုတ်ပေ။
#Try not to be a man of success but rather try to become a man of value.
အောင်မြင်သော သူတစ်ယောက်ဖြစ်ရန် မဟုတ်ဘဲ တန်ဖိုးရှိသူ တစ်ယောက် ဖြစ်ရန်သာကြိုးစားပါ။
#Nothing is so good as it seems forehand.
ကြိုတင်တွေး မြင်သိရှိ ရသည်ထက် ကောင်းသောအရာဟူသည်မရှိ။
#There is a time of speaking and a time of being still.
စကားပြောသင့်သည့် အချိန်ရှိသကဲ့သို့ ရေငုံနူတ်ပိတ် နေသင့်သည့် အချိန်လည်းရှိသည်။
#Strong drink is not only the devil's way into a man, but man's way to the devil. အရက်သေစာသောက်စားခြင်းသည် လူ့ကိုယ်တွင်းသို့ မကောင်းဆိုးရွားဝင်ရောက်ခြင်း ဖြစ်သကဲ့သို့၊ မကောင်းဆိုးရွား၏ကိုယ်တွင်းသို့ လူက၀င်ရောက်ခြင်းလည်းဖြစ်သည်။
#The spoken voice perishes ;the writter word remains.
နှုတ်တစ်ရာ၊ စာတစ်လုံး။

Thursday, April 10, 2008

ပန်းတိုင်



ကိုယ့်ဘ၀ကို
လက်ရှိအရည်အချင်း
လက်ရှိဉာဏ်ပညာထက်
ပိုကောင်းလာအောင်
ကြိုးစားအားထုတ်နေရမယ်….

အလုပ်တစ်ခုကို အောင်မြင်လိုက စွဲစွဲမြဲမြဲလုပ်ပါ

ဘဝ

ဟဲလို! ဟေ့သူငယ်ချင်း!

လူ့ဘ၀မှာ စွန့်စားရတာနဲ့
အခက်အခဲတွေကို
ရင်ဆိုင်ကျော်လွှားရတာ
နဲနဲရှိမှ ကောင်းတယ်…
သို့မဟုတ်ရင် ဘ၀ဟာ
ပျင်းစရာကောင်းနေလိမ့်မယ်…

Friday, March 28, 2008

ဆန္ဒ


ဘလော့ဂ်တွေ ခေတ်စားလာတဲ့ ဒီနေ့ကမ္ဘာမှာ သူငယ်ချင်းများလို ကျွန်မလည်း ခံစားချက်လေးတွေကို ဒိုင်ယာရီအဖြစ်ရေးသားလိုတဲ့ ဆန္ဒဖြင့် ဒီဘလော့ဂ်လေးကို အစပျိုးခဲ့ခြင်းဖြစ်ပါတယ်ရှင်။